Portfolio Websites လုပ်ငန်းဆိုင်ရာကဏ္ဍများတွင် မိမိ၏ လက်ရာတွေ့ရှိမှုများကို ပြသရန်အတွက် အရေးပါသောကိရိယာများဖြစ်သည်။ အနုပညာရှင်များ၊ ဓာတ်ပုံများ၊ ဒီဇိုင်နာများနှင့် ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများအတွက် အထူးအသုံးဝင်ပါသည်။ Portfolio Websites များတွင် အမျိုးအစားစုံလင်ပြီး အောက်ပါအတိုင်း ဖော်ပြထားသည်။


Artist portfolios

Artist portfolios အနုပညာရှင်များ၏ လက်ရာများကို မျှဝေဖော်ပြရန်၊ အနုပညာရှင်၏ အတွေ့အကြုံနှင့် ဖန်တီးမှုစွမ်းရည်ကို ပြသရန် ဖြစ်သည်။

  • ရုပ်ပုံ၊ ပန်းချီများနှင့် အခြားဖန်တီးမှုများကို ပြသထားခြင်း။
  • အနုပညာရှင်၏ အတွေ့အကြုံများ၊ ပညာရေးနှင့် လက်ရှိ လုပ်ဆောင်နေသော အလုပ်များ။
  • အနုပညာရှင်၏ ရေးသားချက်များနှင့် လက်ရာသစ်များကို မျှဝေခြင်း အတွက်အသုံးပြုကြသည်။

Photographer portfolios

ဓာတ်ပုံဆရာများ၏ လက်ရာဓာတ်ပုံများကို ဖော်ပြရန်နှင့် ၎င်းတို့၏ အလုပ်အတွေ့အကြုံကို မျှဝေရန် ဖြစ်သည်။

  • အမျိုးအစားအလိုက် စီစဉ်ထားသော ဓာတ်ပုံများကို ပြသခြင်း
  • ဓာတ်ပုံဆရာများ၏ အတွေ့အကြုံနှင့် အထူးပြုသော နယ်ပယ်များ
  • ယခင်ဖောက်သည်များ၏ ထောက်ခံချက်များနှင့် သုံးသပ်ချက်များ အတွက်အသုံးပြုကြသည်။

Designer portfolios

Designer Portfolios ဒီဇိုင်းလက်ရာများကို ပြသရန်နှင့် ၎င်းတို့၏ ဒီဇိုင်းဆိုင်ရာ အကြံပြုမှုများကို ဖော်ပြရန် ဖြစ်သည်။

  • ဂရပ်ဖစ်ဒီဇိုင်း၊ ဝဘ်ဒီဇိုင်း၊ လိုဂိုဒီဇိုင်းများကို ပြသထားခြင်း
  • အတွေ့အကြုံ၊ ပညာရေးနှင့် လက်ရှိလုပ်ဆောင်နေသော ဒီဇိုင်များ
  • ဒီဇိုင်နာ၏ အကြံပြုချက်များနှင့် ဒီဇိုင်းစျေးကွက်သုံးသပ်ချက်များ အတွက်အသုံးပြုကြသည်။

Creative agency portfolios

ဖန်တီးမှုဆိုင်ရာ အေဂျင်စီများ၏ လုပ်ငန်းများကို ပြသရန်နှင့် ပတ်သက်သူများအား ၎င်းတို့၏ ဝန်ဆောင်မှုများကို ရှင်းလင်းဖော်ပြရန် ဖြစ်သည်။

  • အေဂျင်စီ၏ လက်ရှိအလုပ်များနှင့် ပြီးစီးထားသော ပရောဂျက်များကို ပြသခြင်း
  • အေဂျင်စီ၏ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အတွေ့အကြုံများ
  • အေဂျင်စီ၏ လက်ရှိနှင့် ယခင်ဖောက်သည်များ၏ reviewများနှင့် သုံးသပ်ချက်များ အတွက်အသုံးပြုကြသည်။